Saturday, September 15, 2012

Samsung Galaxy Y, Gio, Ace, S, Splus များတွင် Root မလုပ်ဘဲ မြန်မာဖောင့်ထည့်နည်း

အရင်ဆုံး အောက်မှာ ZawGyi One font နှင့် FrozenKeyborad ကို ဒေါင်းလော့ယူလိုက်ပါ။

ZawGyiOne & FrozenKeyboard

- ဒေါင်းလော့ ရလာတဲ့ rar ဖိုင်လေးကို ဖြေပြီး Phone SD Card ထဲ ထည့်လိုက်ပါ။
- Install မလုပ်ခင် Phone ထဲက Settings >> Applications ထဲက Unknown  sources ကို
  အမှန်ခြစ်ပေးထားရပါမယ်။
- စောစောက ထည့်လိုက်တဲ့ ZawGyiOne Font နှင့် FrozenKeyboard ကို Phone ထဲက Myfile
  ထဲမှာ ရှာပြီး Install လုပ်လိုက်ပါ။
- Settings >> Display >> Screen Display >> Font Style အထိအဆင့်ဆင့်သွားလိုက်ပါ။
- Choose new font မှာ Zawgyi One TTF ကို ရွေးလိုက်ပါ။ Restart တောင်းပါလိမ့်မယ်။ Restart ချ
   ပေးလိုက်ပါ။


-  စက်ပြန်တက်လာရင် Settings >> Local & Text သို့ သွားပါ။
- FrozenKeyborad ကို အမှန်ခြစ်ပေးလိုက်ပါ။
- ပြီးရင် အထက်နားက Select Input Method ကို ဖွင့်လိုက်ပါ။
- FrozenKeyboard ကို ရွေးလိုက်ပါ။
- တစ်ခါတရံ Message ပို့လိုက်တဲ့အခါ မြန်မာလို မပေါ်တာမျိုးကြုံရတတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်
  Message ကိုဖွင့်လိုက်ပါ။ Menu ကို နှိပ်ပါ။ Settings ထဲဝင်ပါ။

- Input mode ကို နှိပ်ပါ။ Automatic ကိုရွေးပေးလိုက်ပါ။

ခုဖေါ်ပြပေးလိုက်တာကတော့ android Version 4.0.3  အောက်က Samsung ဖုန်းတွေအတွက်
ဖြစ်ပါတယ်။ 4.0.3 နှင့် အထက် ဖုန်းများအတွက်တော့ web တွေကြည့်တဲ့အခါ အဆင်မပြေတာတွေ
တွေ့ရပါတယ်။ 2.1 မှ 2.3.6 အထိကတော့ အားလုံးအဆင်ပြေပါတယ်။


 
 

No comments:

Post a Comment